အသင်းမဝင်ထားသည့်ကုန်တင်ယာဉ်များ သက် တမ်းတိုးမပေး

အောက်တိုဘာ ၁၆

      ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက အဝေးပြေးကုန် စည်ပို့ဆောင်ရေးစနစ်ကို E-lock စနစ်ကျင့်သုံးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကြောင့် ၉ တန်နှင့်အထက် ကုန်တင်ယာဉ်များအနေ့ဖြင့်  မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်းဝင်ရန် အသိပေးနှိုးဆော်ထားပါသည်။

      မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းသည် တစ်နိုင်ငံလုံးတွင် အသင်းခွဲ ၈ သင်း ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊အရှေ့ပိုင်း)တို့ရှိ အသင်းများတွင် အသင်းဝင်အဖြစ် ဝင်ရောက်နိုင်သည်ဟု သိရပါသည်။

      အသင်းဝင်ရောက်ထားခြင်းမရှိသည့် ကုန်တင်ယာဉ်များကို ကုန်စည်သယ်ယူပို့ဆောင်သည့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အသစ်လျှောက်ထားခြင်း (သို့မဟုတ်) သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း သိရပါ သည်။

       လက်ရှိအချိန်တွင် E-Lock စနစ်အတွက် နိုင်ငံ တော်က QR ကုဒ်နှင့် လုပ်ဆောင်နေ​သော်လည်း အသင်းဝင်များကို ဒစ်ဂျစ်တယ်နည်းနှင့် အသင်းဝင်နိုင်ရန် စီစဉ်နေပြီး နောက်ပိုင်းတွင် QR ကုဒ်နှင့် အသင်း ဝင်နိုင်ရန် ဆောင်ရွက်နေ သည်ဟု သိရသည်။

      လက်ရှိ အဝေးပြေးကုန်စည်ပို့ဆောင်ရေးသည် E-lock စနစ် မကျင့်သုံးမီ ကုန်တင်လွှာ ယာဉ်ပါ/ ကုန်ပါစာရင်းချုပ်နှင့် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် စိစစ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုပါသည်။ ထို့ ကြောင့်  မြန်မာ နိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်း၊ မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းများမှာ မှတ်ပုံတင်ပြီး အသင်းဝင်စေရေး ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ထားပါသည်။

#PAN