အသင်းဖော်ဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဝိန်းရွန်နီ

အောက်တိုဘာ ၁၆

      ဘာမင်ဂမ်နည်းပြ ဖြစ်လာတဲ့ ဝိန်းရွန်နီ က ၎င်းအသင်းဆီ အသင်းဖော်ဟောင်းတစ်ဉီးဖြစ်တဲ့ ဘတ်လန်းကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဝိန်းရွန်နီ ပစ်မှတ်ထားနေသူက အင်္ဂလန်အသင်းမှာ ဆုံခဲ့ဖူးသူ ဖြစ်ပါတယ်။

      လက်ရှိအချိန်မှာ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဘတ်လန်း က ရိန်းဂျားစ်အသင်းကို ရောက်နေပြီး လက်ရှိရာသီအစက ပဲလေ့စ်အသင်းကနေ ပြောင်းရွှေ့သွားတာပါ။ ဘတ်လန်းအတွက် ဘာမင်ဂမ် အသင်း ပြောင်းရွှေ့ကြေးအနည်းငယ်သာ ပေးရဖွယ် ရှိနေပါတယ်။ ဝိန်းရွန်နီ က ဒီစီယူနိုက်တက်နည်းပြ ရာထူးကနေ ထွက်ခွာလာပြီးနောက် ဘာမင်ဂမ်နည်းပြအဖြစ် ခန့်အပ်ခံရပြီး ပရီးမီးယားလိဂ်တန်း တက်ခွင့်ရအောင် ရည်မှန်းနေတာ ဖြစ်ပါတယ်။

#PAN