ရေစကြိုမြို့ပေါ်ရှိ လုံခြုံရေးကင်းစခန်းများကို အကြမ်းဖက် PDF အဖွဲ့က တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်

အောက်တိုဘာ ၁၆

       ရေစကြိုမြို့ပေါ်ရှိ လုံခြုံရေးကင်းစခန်းများကို အနီးကပ်တိုက်ခိုက်ရန် ရေလည်ကျွန်းဘက်မှ  ဗိုလ်မိုက်ခဲ(မြင်းခြံ)ဦးစီ အကြမ်းဖက် PDF အဖွဲ့သည် ယခု ရက်ပိုင်းအတွင်း တိုက်မည်ဟု အသံများထွက်ပေါ်နေပါသည်။ ဗိုလ်မိုက်ခဲသည် မြို့ခံ(PDF)များဖြင့် စုစည်း၍ စစ်မှုထမ်းဟောင်းရုံးကို တစ်ကြိမ်အနီးကပ်တိုက်ခဲ့သူ ဖြစ်သည်။

       ယခုရက်ပိုင်းတွင် ရေလည်ကျွန်းဘက်၌ တပ်မ တော်စစ်ကြောင်း ဝင်ရောက်နေပါသဖြင့် မြို့ပေါ်တွင် လာရောက်တိုက်ခိုက်ရန် အမှတ်( ၈) ရပ်ကွက် ၊သုခဝတီရပ်၊ကပ်ကျော်ဘုန်းကြီး ကျောင်း တောင်ဘက် ကြာဆံစက်ဝိုင်း အဆောက်ဦး(အဟောင်း) ချုံတောထဲတွင် စခန်းချနေထိုင်လျှက်ရှိကြောင်း၊ ၎င်းတို့၏ဆုတ်လမ်းသည် ကျောမကြားကျေးရွာနှင့် ချင်းတွင်းမြစ်ကမ်းဘက်လမ်းကြောင်းဖြစ်နိုင်ပါကြောင်း ရေစကြိုမြို့ခံ တစ်ဦးက PAN သို့ သတင်းပေးပို့လာပါသည်။

#PAN