မလှိုင်မြို့နယ်၊သမန်းကန်ကျေးရွာအနီးတွင် ဒလန်ဟုသော စွပ်စွဲချက်ဖြင့် အပြစ်သာမန်ပြည်သူ တစ်ဦး အသတ်ခံရ

အောက်တိုဘာ ၁၆

       မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊သမန်းကန်ကျေးရွာ၏ မြောက်ဘက် (၃)ဖာလုံခန့်အကွာနေရာတွင် ဦးဇော်မင်း၊၅၀နှစ်၊(ဘ)ဦးတင်ခိုင်၊တောင်သူ၊ သရက်ကောင်းပင်ကျေးရွာ၊မလှိုင်မြို့နယ်နေသူကို အကြမ်းဖက် PDF ခေါင်း ဆောင် / အင်အား(စိစစ်ဆဲ)အဖွဲ့က ယနေ့ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

         ဖြစ်စဥ်မှာ ဦးဇော်မင်းသည် တစ်ရွာတည်းနေ ဦးဖိုးလှ၊၄၀နှစ်၊(ဘ)ဦးမာရှိန်၊တောင်သူ၊သရက်ကောင်းပင် ကျေးရွာနေသူနှင့်အတူ ဦးဇော်မင်း ပိုင်ဆိုင်သည့် Light Truck အဖြူရောင်၊ယာဉ်အမှတ်၊ MDY-1L/1461 အား မောင်းနှင်၍ သမန်းကန်ကျေးရွာမြောက်ဘက်ရှိ ၎င်းပိုင်ကြက် ခြံမှ သရက်ကောင်းပင်ကျေးရွာရှိ နေအိမ်သို့ ပြန် လာစဉ် ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အခင်း ဖြစ်နေရာအရောက်၌ အကြမ်း ဖက် PDF များက ကားအားရပ်တန့်ကာ ဦးဖိုးလှအား ကျေးရွာသို့ပြန်ခိုင်းပြီး ဦးဇော်မင်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

        ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဇော်မင်း၏ ဝဲ-လည်ပင်းမှ ယာဘက် ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-နားရွက်ရှေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-နားရွက်အထက် ဖောက်ဝင်ဒဏ်ရာ ၁ ချက် ​ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

       သေဆုံးသူ ဦးဇော်မင်းမှာ တပ်နှင့်အဆက် အသွယ်ရှိသဖြင့် အကြမ်းဖက်အဖွဲ့က ” ငါနဲ့မတူ ငါ့ရန်သူ ” ဟုသော ၎င်းတို့၏ အကြမ်းဖက်ဝါဒ
အတိုင်း ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပါသည်။

#PAN