နော်ဝေနဲ့အတူ နိုင်ငံတကာ ပြိုင်ပွဲတွေ ဝင်ရောက် ဆင်နွဲဖို့ ခက်ခဲနေရတဲ့ ဟာလန်း

အောက်တိုဘာ ၁၆
နော်ဝေအသင်းက ယနေ့နံနက်အစောပိုင်းမှာကစားခဲ့တဲ့ ယူရို (၂၀၂၄) ခြေစစ်ပွဲမှာ စပိန်အသင်းကို အိမ်ကွင်းမှာ (၀-၁)ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့တဲ့ အတွက် ယူရို ၂၀၂၄ အိမ်မက်ကို အဆုံးသတ်ခဲ့ရပြီဖြစ်ပါတယ်။
နော်ဝေအသင်းအတွက် အားထားရဆုံးကစားသမားတွေဖြစ်တဲ့ ဟာလန်း ၊ အိုဒီဂတ်တို့နဲ့အတူ တခြား နော်ဝေးကစားသမားတွေက သူတို့ လက်ရွေးစင်အသင်းကို နောင်လာမဲ့ ယူရိုပြိုင်ပွဲတွေမှာတောင် အသင်းရဲ့ စွမ်းဆောင်မှု့ကြောင့် နိုင်ငံအသင်းနဲ့ အောင်မြင်မှု့ ရရှိဖို့ ပိုမို ကြိုးစားဖို့ အသေအချာ လိုအပ်နေပါပြီ။
နော်ဝေအသင်းဟာ ယူရိုပြိုင်ပွဲကို ၂၀၀၀ ခုနှစ်က နောက်ဆုံး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရသလို ကမ္ဘာ့ဖလားကိုလည်း ၁၉၉၈ ခုနှစ်ကသာ နောက်ဆုံးအကြိမ်အဖြစ် ပါဝင်ထားခဲ့ရပါတယ်။