နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

အောက်တိုဘာ ၁၆

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားသို့တက်ရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

      အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ အဖွဲ့ဝင်များနှင့် မြန်မာ နိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

       ထိုသို့တွေ့ဆုံရာတွင် ဦးစွာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွက်အရေးကြီးသည့် ငြိမ်းချမ်းရေးနှစ်ပတ် လည်နေ့ အခမ်းအနားကို တရုတ်နိုင်ငံကိုယ်စား လာရောက်တက်ရောက်သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖြင့် ပြန် လည် ပြောကြားသည်။

        ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ NCA လမ်း ကြောင်းပေါ်မှခိုင်မာစွာရပ်တည်၍ ကြိုးပမ်းဆောင် ရွက်လျက် သကဲ့သို့ တရုတ်နိုင်ငံမှလည်း ကူညီဆောင် ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ တရုတ်နိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ် ခိုင်မာစွာ ရပ်တည်ထောက်ခံလျက်ရှိသည့်အခြေအနေများနှင့် နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှု များကို လက် ခံမှုမရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံ နှင့် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွား မည့် အခြေအနေများ၊ မြန်မာ နိုင်ငံနယ်စပ်ဒေသများတွင် အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီး ပွားကိုထိခိုက်စေမည့် လုပ်ဆောင်ချက်များကို လက် သင့်ခံမှုမရှိသည့် အခြေ အနေများ၊ အချို့တိုင်းရင်း သားလက်နက် ကိုင် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် NCA စာချုပ်ကဲ့သို့ခိုင်မာမှု၊ တရား ဝင်မှုရှိသည့် စာချုပ်ချုပ်ဆို နိုင်ခြင်းမရှိဘဲ သဘောတူညီချက်များ၊ ကတိ ကဝတ်များ ဖြင့်သာဆောင် ရွက်ခဲ့ကြမှု အခြေအနေများနှင့် ခိုင်မာလေးနက်တရားဝင်မှုရှိသည့် NCA လမ်း ကြောင်းအပေါ် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေး တည် ဆောက်ကြရန်တိုက် တွန်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင်လျှောက်လှမ်းမှုအပေါ် ခိုင်မာစွာရပ်တည်ဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက် စေရေးနှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှုများ ဆက် လက် တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

        တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ  အထူးကိုယ် စားလှယ် အား အမှတ်တရလက် ဆောင်ပစ္စည်းပေး အပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ခဲ့ကြကြောင်းသတင်းရရှိသည်။

#PAN