နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)(၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့တက်ရောက်ခဲ့သောကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့မှ လာရောက်တွေ့ဆုံနှုတ်ဆက်

အောက်တိုဘာ ၁၆

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားသို့တက်ရောက် ခဲ့သော ကရင်တိုင်းရင်းသားခေါင်း ဆောင် စောမူတူးစေးဖိုး ဦး ဆောင်သည့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လာရောက် တွေ့ဆုံနှုတ်ဆက်သည်။

         အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် နှင့်အတူကာကွယ်ရေးဦးစီး ချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး နှင့်အတူ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့ တက်ရောက်ကြသည်။

         ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်း အနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ ကရင် ပြည်နယ်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကို လိုလားသော ကရင်တိုင်းရင်းသားများ၏ ခေါင်း ဆောင်အဖြစ် ဦးစီးဆောင်ရွက်ပေးစေလိုမှု၊ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်လျက်ရှိမှု၊  တိုင်းရင်းသားပြည်သူများ ၏ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ရန် လိုအပ် လျက်ရှိမှု၊ ကရင်ပြည်နယ်အတွင်း နယ် မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ရန်လိုအပ်လျက်ရှိမှု အခြေအနေများနှင့် ပတ် သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

#PAN