နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့်အဖွဲ့မှ လာရောက်ဂါရဝပြုတွေ့ဆုံ

အောက်တိုဘာ ၁၆

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သော သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၊ ဧည့် ခန်းမဆောင်၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။

         အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် နှင့်အတူကာကွယ်ရေးဦးစီး ချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်အရာရှိကြီး များ တက်ရောက်ကြပြီး သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

       ထိုသို့ တွေ့ဆုံရာတွင် ဒေသတွင်းနှင့်နိုင်ငံတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ရာ၌ တွေ့ဆုံဆွေး နွေးမှုများဖြင့် ဆောင်ရွက်သွားရန်လိုအပ်မှု၊ နိုင်ငံတော် နှင့်တပ်မတော်အနေဖြင့်  NCA လမ်းကြောင်းပေါ်၌ ခိုင်မာစွာလျှောက်လှမ်းလျက်ရှိ မှုနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး ဆောင်ရွက်လျက်ရှိမှု၊  ယခုနှစ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် လာမည့်နှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက် ယူပြီးရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် NCA လမ်း ကြောင်းအတိုင်း ဆက်လက်ဆောင်ရွက် သွားရန် လိုအပ်သည့်အခြေအနေများ နှင့်ပတ်သက်၍ ရင်းရင်း နှီးနှီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။