နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)  (၈)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် အဖွဲ့များက လာရောက်ဂါရဝပြုတွေ့ဆုံ   

အောက်တိုဘာ ၁၆

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားသို့တက်ရောက် ခဲ့သော တိုင်း ရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာ၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံ သည်။

         အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြပြီး တိုင်းရင်းသားလက်နက်ကိုင် ကိုယ် စားလှယ်အဖွဲ့များဖြစ်ကြသည့် KNU/KNLA (PC) ဥက္ကဋ္ဌ စောထော့လေး၊ ရခိုင်လွတ် မြောက် ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လား ဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ KKO အဖွဲ့မှ ကွပ်ကဲရေးမှူး စောဘငြိမ်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်သူရိန်၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ၊ မွန်ပြည်သစ် ပါတီ(NMSP) ဗဟိုအလုပ်အမှုဆောင် နိုင်ဗညားလယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းတို့ တက်ရောက် ကြသည်။

       ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားသို့ တက် ရောက်ခဲ့သည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းငြိမ်အေးချမ်း ရေးအတွက် လာရောက်ခဲ့ကြခြင်းဖြစ်သဖြင့် ဝမ်း မြောက်ပါကြောင်း၊ တပ်မတော် အနေဖြင့်လည်း ကြိုဆိုပါကြောင်းပြောကြားပြီး  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးခဲ့မှုအခြေအနေများ၊ တပ်မ တော် အနေဖြင့် တို့တာဝန်အရေးသုံးပါးနှင့် ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်သွားမည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံ တော်တာဝန်များကိုထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံတော်နှင့် တပ်မတော် အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေ များ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီအနေဖြင့် အမျိုး သားရေးမျှော် မှန်းချက်၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး၊ နိုင်ငံရေး မျှော် မှန်းချက် ၂ ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည် ထောင်စုတည်ဆောက် ရေးတို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ တိုင်းပြည် ကောင်းစေရန်အတွက် သက်ဆိုင်သူအားလုံးက တူညီသည့်ဆန္ဒများဖြင့် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ တိုင်း ပြည်တည်ငြိမ်အေး ချမ်းရေးနှင့် ဒေသအလိုက်တည်ငြိမ် အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင် ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ တပ်မ တော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စိတ် ရှည် သည်းခံစွာဖြင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ် သက်၍ဆွေးနွေး ပြောကြားသည်။

       ယင်းနောက် တက်ရောက်လာကြသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို ခမ်းနားထည်ဝါစွာကျင်းပပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိမှု၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) နှင့် ပတ်သက်၍ အချို့အဖွဲ့အစည်းများက ပျက် ပြယ်ပြီဟုထုတ်ပြန်မှုများရှိသော်လည်း NCA စာချုပ်မှာပျက်ပြယ်မှုမရှိဘဲ တည်တံ့ခိုင်မြဲနေဆဲဖြစ်သည့်အခြေအနေများနှင့် NCA လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်း ငြိမ်း ချမ်းရေးရရှိရန်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ၊ NCA တွင်ပါဝင်မှုမရှိသေးသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ များ NCA တွင် ပါဝင်လာနိုင်ရေးဆောင်ရွက်သင့်သည့် အခြေအနေများနှင့် ပတ် သက်၍ ဆွေးနွေးတင်ပြကြပြီး ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးနှင့် ဒေသအလိုက် ဖွံ့ဖြိုးတိုတက် မှုများရှိစေရေးအတွက် ဆောင် ရွက်သင့်သည့်အခြေအနေများ၊ ဒေသအလိုက် ပညာ ရည်မြင့်မားရေးအတွက် ဆောင် ရွက်သင့်သည့်အခြေအနေများနှင့် ပတ်သက်၍ ရင်း ရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများဆောင် ရွက်ရာတွင် ရှေ့သို့ချီမည်ပန်းတိုင်ဆီ (Keep Moving Forward To Achieve Our Goal)ဆိုသည့် ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး ယခု တက်ရောက်လာကြသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးကလည်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။

#PAN