တောင်သာမြို့နယ်တွင် အကြမ်းဖက်သောင်း ကျန်းသူPDF များက ရာအိမ်မှုးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

အောက်တိုဘာ ၁၆

       မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ဘီးနွယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးတင်ထွန်း၊၆၃နှစ်၊(ဘ)ဦးချစ် နှင့် ရာအိမ်မှုး ကိုဆန်းမင်း၊၃၈နှစ်၊(ဘ)ဦးဖိုးသိန်း၊တောင်သူ၊ဘီးနွယ်ကုန်းကျေးရွာ၊တောင်သာမြို့နယ်နေသူတို့ကို ယမန်နေ့ ညပိုင်းတွင် အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် လာရောက်ပစ်ခတ် ထွက်ပြေးသွားကြောင်း သိရပါသည်။

        ဖြစ်စဥ်မှာ ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် တောင်သာမြို့နယ်၊ဘီးနွယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးတင်ထွန်း ၏ နေအိမ်တွင် သားမက်ဖြစ်သူ ရာအိမ်မှုး ကိုဆန်းမင်းနှင့်အတူ နေ အိမ်ရှေ့ အဖီတဲတွင် စကားထိုင်ပြောနေစဥ် မျက် နှာဖုံး အနက်စွပ်ထားပြီး အားကစားဘောင်းဘီအတို ဝတ်ဆင်ထားသော အကြမ်းဖက်သမား PDF ၄ ဦးမှာ သေနတ်အရှည်များ ကိုင်ဆောင်ကာ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး နေအိမ်ခြံဝင်း ဆူးတံခါးအား ဆောင့်ကန်တွန်းလှဲ ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရာအိမ်မှုး ကိုဆန်းမင်းတွင် ယာ-လက်မောင်း ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး အကြမ်းဖက် PDF များမှာ နေအိမ်ရှေ့တွင်ရပ်ထားသော 125 ဖြူ/နက်ကြား(ယိုးဒယား) ဆိုင်ကယ်အား ယူဆောင်ကာ သီးကုန်းရွာနှင့် ရုံးပင်ရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်းနှင့် ဒဏ်ရာရရှိသူ ကိုဆန်းမင်း ကို တောင်သာမြို့နယ်၊ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN