ခင်ဦးမြို့နယ်၊ရွာသစ်ကျေးရွာတွင် သတင်းအရ  ရှာဖွေရာ PDF များ၏  လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

အောက်တိုဘာ ၁၆

      ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် သတင်းအရ ခင်ဦးမြို့နယ် ၊ရွာသစ်ကျေးရွာအတွင်းရှိ လူနေအိမ်၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့် စာသင်ကျောင်းများကို အသေးစိတ်ဝင်ရောက် ရှင်းလင်းခဲ့ရာ လက် နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

      သိမ်းဆည်းရမိသော လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများမှာ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်Drop Bomb ဗုံးသီး ၁ လုံး၊လက်လုပ်မိုင်းမျိုးစုံ ၁၈ လုံး၊ ဒီတိုနေတာ ၁၆၉ ချောင်း၊ ယမ်းမှုန့် (၃ ပိဿာခန့်) ၁ ထုပ်၊ ကန့်မှုန့်(၅ ပိဿာခန့်) ၁ ထုပ်၊ ယမ်းကြိုး ၂ ခွေ၊ ဝါယာကြိုး(နီ/နက်) ၃ ခွေ၊ ဓာတ်ခဲခြောက် ၇ လုံး၊ ကီးပတ်ဖုန်း ၄ လုံး၊ အိုင်ကွန် ၁ လုံး၊ ရီမုဆားကစ်ပြား ၂ ခု၊ သံတိုသံစ ၁ ထုပ်၊ ခဲဂေါက် ၁ ချောင်း၊လက်ကိုင်ဟန်းစပီကာ ၁ လုံး၊ NLD တံဆိပ်ပါ နဖူး စည်း ၂ ခု၊ ဆက်ကြေးကောက်ခံသည့်စာအုပ် ၁ အုပ်၊ ပုလဲဓာတ်မြေဩဇာ(၃ ပိဿာခန့်) ၁ ထုပ်၊ဘက်ထရီအိုး ၆ လုံး၊ နိုင်လွန်ကြိုး ၂ ခွေ၊ လည်တိုဖိနပ် ၁ ရံ တို့ဖြစ်ကြောင်း သိရပါသည်။

       လက်ရှိ အချိန်တွင် အကြမ်းဖက် PDF များသည် ငွေကြေးအထောက်အပံ့နည်းပါးပြီး လက်နက်၊ ခဲယမ်းဖြည့်တင်းရန် အခက်အခဲဖြစ်ပေါ်နေချိန်တွင် ယခုလို လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းခံရခြင်းကြောင့် ဗူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ဆက်လက်ရပ် တည်ရန် ခက်ခဲလာကြောင်း၊ ၎င်းအပြင် ဒေသခံပြည်သူများက ယုံကြည်မှု မရှိတော့ဘဲ ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့လာခြင်းများကြောင့် တပ်မတော်လုံခြုံရေးအဖွဲ့များကို အမြဲရှောင်တိမ်းထွက်ပြေးနေရကြောင်း ဒေသခံရွာသားများထံ သိရပါသည်။