အချိန်မနှောင်းမီ ရပ်တန့်ရန် အစ္စရေးကို အီရန်ပြော

အောက်တိုဘာ ၁၅

      အကယ်၍ ဟစ်ဇ်ဘိုလာ က စစ်ပွဲတွင် ပါဝင်ခဲ့မည်ဆိုပါက စစ်ပွဲသည် အရှေ့အလယ်ပိုင်း၏ အခြားနေရာများသို့ ကျယ်ပြန့်လာနိုင်ပြီး အစ္စရေးသည် “ကြီးမား သောငလျင်” ဒဏ်ကို ခံစားရမည်ဖြစ် ကြောင်း ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးကို စနေနေ့က သတိပေးခဲ့ပါသည်။

      ဂါဇာမြို့မှ ထွက်ပြေးလာသည့် ယာဉ်တန်းများကို အစ္စရေးလေကြောင်း စီးနင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းသား ၃၂၀ ကျော် သေဆုံးခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြော သည်။

     ပြီးခဲ့သော သီတင်းပတ်က အစ္စရေးနိုင်ငံအတွင်း ဟားမတ်စ်၏တိုက်ခိုက်မှုအပြီးတွင် မြေပြင်ထိုးစစ်မတိုင်မီ နေထိုင်သူ ၁.၁ သန်းကို တောင်ဘက်သို့ ထွက်ခွာရန်ပြောကြားပြီးနောက် အစ္စရေးနိုင်ငံက ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် သေဆုံးသူဦးရေ တိုးလာခြင်းဖြစ်သည်ဟု ဆို သည်။

      ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၂,၂၁၅ ဦး သေဆုံးပြီး ၈,၇၁၄ ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးတွင် သေဆုံးသူ အရေအတွက်သည် ၁,၃၀၀ ရှိပြီး ဒဏ်ရာရရှိသူ ၃,၄၀၀ ကျော်ရှိသည်။

         သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အစ္စရေး ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်း အရေ အတွက်မှာ ၅၀ ဦးအထိ မြင့်တက်လာခဲ့သည်။ ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ရာနှင့်ချီ၍ ဖမ်းဆီးခံခဲ့ရကြောင်း အယ်လ်ဂျဇီးရား သတင်းဌာနက ဖော်ပြထားသည်။

#PAN