အောက်တိုဘာ ၁၅
စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လ တာအကောင်းဆုံးနည်းပြဆုကို စပါးနည်းပြ ပိုစတီကိုဂလူး က ရရှိခဲ့ပါတယ်။
စပါးအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေရလဒ် ရရှိခဲ့သလို သွင်းဂိုး ၁၁ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။
ပိုစတီကိုဂလူး ဟာ သြဂုတ်လအတွက် အကောင်းဆုံးနည်းပြဆုကိုလည်း ရခဲ့တာဖြစ်လို့ အကောင်းဆုံး နည်းပြဆုကို ၂ လဆက်တိုက်ရရှိတဲ့ ပထမဆုံး သြစတြေးလျနည်းပြ ဖြစ်လာခဲ့ပါတယ်။ စပါးအသင်းဟာ အခုရာသီမှာ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်း ကို ဘိုင်ယန်မြူးနစ်အသင်းကို ရောင်းချခဲ့ပေမယ့် နည်းပြ ပိုစတီကိုဂလူး လက်ထက် မှာ တိုက် စစ်ကစားပုံ ကောင်းမွန်နေပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။
စပါးအသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ၈ ပွဲ ကစားခဲ့ပြီး ၆ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာရပ်တည်နေပါတယ်။ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် ဟာလည်း စက်တင်ဘာလအတွက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ် ရဖူးတဲ့ ၁၀ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
#PAN