ယခုနှစ်တွင် ထောပတ်သီးအထွက်ကောင်းပြီး စျေးကောင်းရခြင်းကြောင့် မြန်မာ့ထောပတ်သီးကို ထိုင်းနှင့် အိန္ဒိယသို့ တင်ပို့မည်

အောက်တိုဘာ ၁၅

        မြန်မာ့ထောပတ်သီးများကို ဝယ်ယူရန် ထိုင်းနိုင်ငံမှ ကမ်းလှမ်းထားသည့်အတွက် အဓိကထား တင်ပို့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှ သိရပါသည်။

        ယခုနှစ် ထောပတ်သီးရာသီတွင် မြန်မာ့ထောပတ် သီးများအား ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့သွားမည် ဖြစ်ပြီး တင်ပို့ကုန်သွယ်ရောင်းချခွင့် ရရှိရေးအတွက် အစိုးရချင်း ညှိနှိုင်းလုပ် ဆောင်နေကြောင်း သိရပါ သည်။

        ထို့အပြင် ယခုနှစ်အတွင်း မိုးများခဲ့သည့်အတွက် ထောပတ်သီး အထွက်နှုန်းများနိုင်ပြီး ပြီးခဲ့သည့်နှစ်ထက် ဈေးကွက်ကောင်းနိုင်ကြောင်းလည်း ထောပတ်သီးတင်ပို့ရောင်းချသူများက သုံးသပ်ထားကြပါသည်။

        လက်ရှိ ထောပတ်သီးဈေးများအနေဖြင့် ဈေးကွက်အစ တစ်ကီလိုလျှင် ကြမ်းခင်းဈေး ၃,၅၀၀ ကျပ်ရှိပြီး ပြီးခဲ့သည့်နှစ်မှာ တစ်ကီလို ၂,၅၀၀ သာ ရှိခဲ့ကြောင်း သိရပါသည်။

       အိန္ဒိယနိုင်ငံမှလည်း ယခုရာသီတွင် ထော ပတ်သီးတန်ချိန် ၁,၀၀၀ ဝယ်ယူရန် ကမ်းလှမ်းထားပြီး မြန်မာ ထွက်ကုန် ထောပတ်သီးရာသီချိန်ဖြစ်သော နိုဝင်ဘာ လမှ ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံ သစ်သီးကုန်သည် အဖွဲ့အစည်းမှ ဝယ်ယူရန်ကမ်းလှမ်းထားသော တန်ချိန် ၁,၀၀၀ ကိုလည်း တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည်။

       ၂၀၂၀ ပြည့်နှစ်စာရင်းတွေအရ ပြည်တွင်း၌ ထောပတ်သီးစိုက်ဧက ၂၀,၀၀၀ ဝန်းကျင်ရှိပြီး ရှမ်း ပြည်နယ် အပါအဝင် တခြား‌သော ဒေသများတွင်လည်း စိုက်ပျိုးထုတ်လုပ်သူများလာကာ တစ်ဧကကို Export Quality ထောပတ်သီး တန်ချိန် ၅,၀၀၀ ကနေ ၁၀,၀၀၀ ကြားထွက်ရှိကြောင်း သိရပါသည်။

#PAN