တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၅

         တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ အောက်တို ဘာ ၁၃ ရက်နေ့က ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ရာတွင် ဘားအံမြို့၊ ကမော့ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Borouge ကော်စေ့ ကီလိုဂရမ် ၁၀၂၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄,၆၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀) ကို လည်းကောင်း၊ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ လိုင်စင်မဲ့ Suzuki V-50
(Used) ဆိုင်ကယ်တစ်စီး အပါအဝင် ကုန်ပစ္စည်း
သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေ ကျပ် ၅၆,၁၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      အောက်တိုဘာ ၁၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်လမြိုင်မှ မန္တလေးသို့ မောင်းနှင်လာသောယာဉ်တစ်စီးပေါ်မှ တရား ဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Gaysorn ဟင်းသီး ဟင်းရွက်ဆီ လီတာ ၄၀၀ အပါအဝင် ကုန် ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉,၁၃၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၁၃၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်
လျက်ရှိသည်။

        ထို့အတူ ရန်ကုန်တိုင်းဒေသကြီးတရားမဝင် ကုန် သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က တာမွေမြို့နယ်အတွင်းရှိ ဘေထုပ်ရောင်းဝယ်ရေးဆိုင်များကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာမအေးဘေထုပ်ရောင်းဝယ်ရေးဆိုင်မှ စက်မှုကုန်ကြမ်းဘေထုပ် ၂၀၃ ထုပ် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၆၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီးအကောက် ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

       အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ် – မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၂၄ မိုင် ၃ ဖာလုံ၌ မူဆယ်မှ မန္တလေးသို့ မောင်းနှင် လာသောယာဉ်တစ်စီးပေါ်မှသွင်းကုန်ကြေညာလွှာတွင် ကြေညာထား သည်ထက် ပိုမိုပါရှိလာသည့် TV Stand အခု ၈၀ ၊ စက်မှုကုန်ကြမ်း(ဘေထုပ်) ကီလို ဂရမ် ၉၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၆၂၇,၉၀၀)နှင့် အဆို ပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၀၀၀,၀၀၀)ကိုလည်း ကောင်း၊ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် အမှတ် – ၄၈၂ ရှိ ဂိုဒေါင်၌ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Leo Beer ၅၃၅၂ ဘူး၊ Dutch Mill ဒိန်ချဉ် ၂၇၆၅ လီတာ၊ Yum Yum ခေါက်ဆွဲ ခြောက် ကီလို ဂရမ် ၃၄၂၀ အပါအဝင် ကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၉၂၀,၄၀၀)ကို လည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၅,၅၄၈,၃၀၀ ကို သိမ်းဆည်းရမိခဲ့ပြီးအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၃ ရက်နေ့တွင် သိမ်း ဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု ခန့် မှန်းတန်ဖိုးငွေကျပ် ၂၆၃,၃၇၈,၃၀၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN