စစ်တောင်းမြစ်ရေ တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်ကို ရောက်ရှိနေလို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူများ သတိပြုနေထိုင်ရန် နှိုးဆော်

အောက်တိုဘာ ၁၅

      စစ်တောင်းမြစ်ရေသည် တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေခြင်းကြောင့် မြစ် ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေနှင့် သတိပြုနေထိုင်ကြရန် မိုး/ဇလက သတိပေးချက် ထုတ်ပြန်ထားပါသည်။

      အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့ရဲ့စိုးရိမ်ရေမှတ်ကို ရောက်ရှိနေသည် ဆိုပါသည်။

      အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ၂ လက်မခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အကျော်ကို ရောက်ရှိလာမည်ဟု သတိပေးထားပါသည်။

#PAN