ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာနေသူ KNU/KNLA(PC)အဖွဲ့မှ အလင်းဝင် တစ်ဦး အကြမ်း ဖက် PDF များ၏ သတ်ဖြတ်ခြင်း ခံရ

အောက်တိုဘာ ၁၅

       မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန် – မော်လမြိုင်ကားလမ်းဘေးတွင် အောင်မျိုးလွင်(ခ)စောနန်းဦး၊ ၆၂ နှစ်၊ (ဘ)ဦးလှမြင့်(ကွယ်)၊ ဈေးရောင်း၊ ဖက္ကလိပ်ကျေးရွာ၊ကျိုက်ထိုမြို့နယ်နေသူကို အမည်မသိ အကြမ်းဖက် PDF များက ယနေ့ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားကြကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ ဦးအောင်မျိုးလွင်(ခ)စောနန်းဦးသည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ကြည်ပြာ၊ ၃၂ နှစ်၊ (ဘ)ဦးအောင်ဆန်းမြင့်၊ သားဖြစ်သူ မောင်ညီမင်းထက်၊ ၇ နှစ်၊ မောင်နေလင်းထက်၊ ၆ နှစ်၊ သမီးဖြစ်သူ မသွန်းရတီ၊ ၁ နှစ် ၄လ တို့နှင့်အတူ ယာဉ်အမှတ်၊ 1Q-9781 Honda Fit (အနက်ရောင်) ယာဉ်ဖြင့် ကျိုက်ထိုဘက်မှ အင်္ဂဘိုကျေးရွာ၊ ရန်ကုန် – မော်လမြိုင်ကားလမ်းဘေးရှိ ၎င်း၏နေအိမ်ခြံသို့သွားရောက်၍ နေအိမ်ခြံဝန်းအားရှင်းလင်းပြီး ကျိုက်ထိုသို့ပြန်ရန် ယာဉ်ပေါ်တက်စဉ် အမည်မသိ အကြမ်းဖက် PDF ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ညနေ ၄ နာရီအချိန်ခန့်တွင် ၎င်းခြံဝန်းအတွင်းရောက်ရှိလာပြီး သေနတ်ရှည်(စိစစ်ဆဲ) ၄ လက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

      အဆို ပါ အကြမ်းဖက် PDF အဖွဲ့များသည် အင်္ဂဘိုကျေးရွာ၊ အထက(ခွဲ)အင်္ဂဘိုကျောင်းဘေးရှိ မဲရုံးလေးလမ်းခွဲအတိုင်း မဲရုံးကြီးကျေးရွာဘက်သို့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရသည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးအောင်မျိုးလွင်(ခ)စောနန်းဦး တွင် ကျောနောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ခါးဝဲဘက်ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဒဏ်ရာများရရှိခဲ့ပြီး ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အရေးပေါ်လူနာတင်ယာဉ်ဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ရရှိထားသောဒဏ်ရာများဖြင့် သေ ဆုံးသွားခဲ့သည်။

       ဦးအောင်မျိုးလွင်(ခ)စောနန်းဦး သည် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် KNU/KNLA(PC)အဖွဲ့မှ လက်နက်ငယ်များဖြင့် ခလရ(၉၆)၌ အလင်း ဝင်ရောက်ခဲ့ပြီး မိသား စုနှင့်အတူ ဖက္ကလိပ်ကျေး ရွာ၊ ကျိုက်ထိုမြို့နယ်တွင် အေးချမ်းစွာနေထိုင်လျက်ရှိစဥ် ယခုလို အကြမ်းဖက် သမားများ၏ သတ်ဖြတ် ခံရခြင်းဖြစ်ပါသည်။

     ဖြစ်စဥ်အနီးတဝိုက်နေရာသို့ အင်္ဂဘိုကျေးရွာရှိ နယ်မြေလုံခြုံရေး ပူးပေါင်းအဖွဲ့က နယ်မြေရှင်း လင်းရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN