ကိုရီးယားနိုင်ငံသားများနှင့် နိုင်ငံခြားသားများအား ခေါ်ဆောင်လာသည့် တောင်ကိုရီးယားစစ်ဘက်လေယာဉ် အစ္စရေးနိုင်ငံမှ ထွက်ခွာ

အောက်တိုဘာ ၁၅

      အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမားစ်တို့အကြား တိုက်ပွဲများပြင်းထန်နေချိန်တွင် အစ္စရေး နိုင်ငံတွင်းမှ နိုင်ငံသားများနှင့် ပြည်ပနိုင်ငံ သားများကို ပြန်လည်ခေါ်ဆောင်လာသည့် တောင်ကိုရီးယား စစ်လေယာဉ် တစ်စင်း အစ္စရေးမှ ထွက်ခွာနိုင်ခဲ့ပြီဖြစ်သည်။

      တောင်ကိုရီးယား စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်သည် အောက်တိုဘာလ ၁၄ ရက်က တဲလ်အဗစ် လေဆိပ်မှထွက်ခွာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ သား ၁၆၃ ဦး၊ ဂျပန်နိုင်ငံသား ၅၁ ဦးနှင့် စင်ကာပူနိုင်ငံသား ခြောက်ဦးတို့ လိုက်ပါသွားကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

      အစ္စရေးနိုင်ငံရောက် ဂျပန်နိုင်ငံသားများအား တောင်ကိုရီးယား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ခေါ်ဆောင် ပေးနိုင်ပါရန် တောင်းဆိုချက်ကို အစ္စရေးနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှတစ်ဆင့် အီးမေးလ်ပေးပို့ခဲ့သဖြင့် လူသားချင်း စာနာထောက် ထားသည့်အနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ် များက ပြောကြားထားကြောင်း အင်န်အိတ်ချ်ကေ သတင်းဌာနက ဖော်ပြထားသည်။

#PAN