ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲ ဒုတိယအကျော့ ယှဉ်ပြိုင်ရန် မြန်မာအသင်း မကာအိုသို့ ထွက်ခွာ

အောက်တိုဘာ ၁၅

         မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ပထမ အဆင့်ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်ယှဉ်ပြိုင်ရန် အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မကာအိုသို့ ထွက်ခွာသွားသည်။

       မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလာခြေစစ်ပွဲမတိုင်မီသုံးရက်ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး ဒုတိယအကျော့ပွဲအဖြစ် အောက်တိုဘာ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် Macau Olympic Complex ၌ ယှဉ်ပြိုင်ကစားမည် ဖြစ် သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၂ ရက်က ယှဉ်ပြိုင်ကစားသည့် ပထမအကျော့ပွဲတွင် ငါးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ် အနိုင်ရထားသဖြင့် နောက်တစ်ဆင့်တက်ရောက်ရန် အခြေအနေကောင်းနေသည်။

       ပထမအကျော့ကစားခဲ့သည့် ခြေစွမ်း၊ မြန်မာ
အသင်းနှင့် မကာအိုအသင်းကြား ခြေစွမ်းကွာဟမှုများကြောင့် မြန်မာအသင်းအနေဖြင့် ဒုတိယအကျော့တွင်လည်း ရလဒ်ကောင်းရယူနိုင်ဖွယ်ရှိနေသည်။ မြန်မာအသင်းသည် နှစ်ပေါင်းများစွာ မရရှိသည့် ငါးဂိုးနှင့်အထက် အနိုင်ရခဲ့ခြင်းဖြစ် သည်။

        မြန်မာအသင်းသည် မကာအိုအသင်းကို ကျော် ဖြတ်နိုင်ပါက ဒုတိယအဆင့် တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် အုပ်စု (B)၌ ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့နှင့် တစ်အုပ်စုတည်း ကျရောက်မည်ဖြစ်သည်။

#PAN