၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲအောင်အသင်းအားလုံး စုံလင်စွာထွက်ပေါ်

အောက်တိုဘာ ၁၄

      ၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စုပွဲ
အားလုံး အောက်တိုဘာ ၁၃ ရက်က ကျင်းပပြီးစီးခဲ့ပြီး ခြေစစ်ပွဲအောင် အသင်းအားလုံး စုံလင်စွာထွက်ပေါ်လာပြီဖြစ်သည်။

ခြေစစ်ပွဲအောင်မြင်

        အာရှဖလား ဖူဆယ်ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပခဲ့ပြီး အုပ်စု(A)ပွဲစဉ်များမှာ အောက် တိုဘာ ၁၃ ရက်က ပြီးဆုံးခဲ့ပြီး ကျန်အုပ်စု ခုနစ်ခုမှာမူ အောက်တို ဘာ ၁၁ ရက်ကတည်းက ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲအပြီးတွင် အုပ်စု (A)၌ တရုတ်အသင်းက ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ အုပ်စု(B)၌ အာဖဂန်နစ္စတန်အသင်းက ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊ ဆော်ဒီအာရေဗျအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (C)၌ အီရန်အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ကာဂျစ္စတန်အသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(D)၌ ဗီယက်နမ်အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ တောင်ကိုရီးယားအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(F)၌ တာဂျစ်ကစ္စတန်အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (F)၌ ကူဝိတ်အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ဘာရိန်းအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (G)၌ ဥဇဘက်ကစ္စတန်အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ အီရတ်အသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (H)၌ ဂျပန်အသင်းကခြောက်မှတ်ဖြင့် အုပ်စုပထမ၊ သြစတြေးလျအသင်းက သုံးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

      အကောင်းဆုံးခုနစ်သင်း ခြေစစ်ပွဲအောင်

        ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုရှစ်ခုမှ ထိပ်ဆုံးရှစ်သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးခုနစ်သင်း ခြေစစ်ပွဲအောင်မြင်ခြင်းဖြစ်ပြီး အုပ်စု (A) တွင် နှစ်သင်းသာရှိသဖြင့် အုပ်စုပထမနေရာရ တရုတ်အသင်း ခြေစစ်ပွဲအောင်မြင်ပြီး ကျန်အုပ်စုခုနစ်ခုမှ ဒုတိယနေရာရအသင်းများ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

        မြန်မာအသင်းသည် ခြေစစ်ပွဲတွင် ပါလက်စတိုင်းအသင်းကို နှစ်ဂိုး -တစ်ဂိုး၊ အိန္ဒိယအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရကာ တာဂျစ်ကစ္စတန် အသင်းကို သုံးဂိုးပြတ်အရေးနိမ့်ပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ခြောက်မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။