အသက် ၄၀ အထိ ဘောလုံးကစားနိုင်ကြောင်း ဟာရီကိန်း ပြောဆို

အောက်တိုဘာ ၁၄

      အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ အသက် ၄၀ အရွယ်ထိ ဘောလုံးကစားနိုင်ပြီး လက် ရွေးစင် ကစားသမားဘဝမှ အနားယူမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

        ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်က အသက် (၃၀) ပြည့်မြောက်ခဲ့တဲ့ ဟာရီကိန်းဟာ အသက် ၄၀ အရွယ်ထိ ဘောလုံး ကစားနိုင်ကြောင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားရခြင်းကို ဂုဏ်ယူတာကြောင့် လက်ရွေးစင် ကစားသမားဘဝမှ အနားယူရန် လုံးဝမစဉ်းစားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

       ဟာရီကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်း ရွှေ့ခဲ့တာဖြစ်ပြီး ယခုရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြကစားနေကာ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၉ ဂိုးအထိသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

#PAN