ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းအတွင်း နယ်မြေလုံခြုံ ရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင် အကြမ်းဖက်များ PDF များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၄

      မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း၊ လှေခုတ်ကျေးရွာအား နယ်မြေလုံခြုံ ရေးအဖွဲ့များက နယ်မြေရှင်းလင်းစဥ် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အကြမ်း ဖက် PDF  ၁၀ ဦးခန့်ဖြင့် ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်များ PDF များ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြကြောင်း သိရပါသည်။

       အဆိုပါတိုက်ပွဲတွင် ၎င်းတို့ထံမှ လက်လုပ် သေ နတ်အရှည် ၆ လက် ၊ လက်လုပ်အာပီဂျီ ၁ လက်နှင့် ပြောက်ကျားယူနီဖောင်း ၁၀ စုံတို့အား သိမ်းဆီးရမိခဲ့ကြောင်း၊ နန်းဦးရွာ PDF သဲအင်းရွာသား ရန်အောင်စိုး ဝမ်းဗိုက်နှင့် လက်တို့တွင် ကျည်ထိမှန် စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် အင်အား ၃၀ ခန့်ရှိပြီး ယခု ညောင်ပင်ရွာသို့ ရောက်ရှိနေကြောင်း သိရပါ သည်။

        အလားတူ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း၊ မြေတော်ကျေ းရွာ စာသင်ကျောင်းအတွင်း အဆို ပါ နယ်မြေလုံခြုံ ရေးအဖွဲ့များက ဝင်ဏောက်ရှင်းလင်းရာ လက်လုပ်သေနတ် အရှည် ၃လက်၊မိုင်းမျိုးစုံ ၁၃လုံး ၊ ယမ်းကြိုး ၁၀၀ပေခန့် ၁ ခွေ ၊တွင်ခုံ ၁ ခု၊ ဘိလပ်မြေ ၆၅ အိတ်၊ မီးစက် ၁လုံး တို့ကို သိမ်းဆီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

      ယခင်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းအတွင်းအကြမ်းဖက် PDF များ လက်နက်အားကိုးဖြင့် ကြီးစိုးနေရာမှ ယခုအခါ လုံခြုံရေးအဖွဲ့များက အဆိုပါ ရေလယ်ကျွန်းအတွင်း ပိုက်စိပ်တိုက်ရှင်းလင်းနေရာ အကြမ်းဖက်သမားများ ကိုယ်လွတ်ရုန်း ထွက်ပြေးနေကြရပြီး ၎င်းတို့အတွက် အခြေစိုက်နေရာများနှင့် လက်နက်ခဲယမ်းများ ဆက်တိုက်လက်လွတ် ဆုံးရှုံးနေကြောင်း သိရသည်။

#PAN