အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရဲ့ အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်ကို လာမယ့် နိုဝင်ဘာလ ၂၄ ရက်ကနေ ၂၈ ရက်အထိ ယခင်နှစ်များတွင် ကျင်းပခဲ့တဲ့နေရာဖြစ်တဲ့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားအနီးရှိ မီးပုံးပျံကွင်းမှာ ငါးရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပရေးကော်မတီကနေ သိရပါတယ်။
ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်မှာ မသိုးသင်္ကန်း ရက်ခတ်ပူဇော်ပွဲ၊ ဆီမီး ၉,၀၀၀ ပူဇော်ပွဲနဲ့ မီးပုံးပျံ လွှတ် ပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂ဝ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၂ ခုနှစ်ကစပြီး စည်ကားစွာ ပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်သည် ပြည်တွင်းပြည်ပခရီးသွား များ လာရောက်လည်ပတ်လေ့ရှိတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။
#PAN