ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ချူအာမီနီ က ပွဲဆက်များနေခြင်းကို အတူတကွ ဆန့်ကျင်ရန်လိုအပ် ဟုဆို

အောက်တိုဘာ ၁၄

     ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ချူအာမီနီ က ကစားသမားတွေအနေနဲ့ ပွဲစဉ်တွေ ဆက် တိုက်ကစား နေရတာကို အတူတကွဆန့်ကျင်ဖို့ လိုအပ်တယ်လို့  ပြောကြားလိုက်ပါတယ်။

       အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဘောလုံးသုံးသပ်သူတွေက ပွဲစဉ်ဆက်တိုက် ကစားနေရတာကြောင့် ကစားသမားတွေဟာ လုံလောက်တဲ့ အနားယူချိန်မရှိတာကြောင့် ကြံ့ခိုင်မှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထောက်ပြခဲ့ကြပါတယ်။


အသက် ၂၃ နှစ်အရွယ် ချူအာမီနီ ဟာ အခုရာသီမှာ ရီးရဲလ်အသင်းအတွက် ပွဲစဉ်တိုင်း ကစားပေးထားရသလို လက်ရှိအချိန်မှာလည်း ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပွဲတွေ ကစားဖို့ကို ပြင်ဆင်နေတာ ဖြစ်ပါတယ်။


ကစားသမားတွေအနေနဲ့ ဘောလုံး ရာသီတစ်ခုထဲမှာ ပွဲတွေအများကြီးကစားနေရတာကလည်း မဖြစ်သင့်ဘူးလို့ ချူအာမီနီ က ဆက်လက်ပြောကြားသွားခဲ့ပါတယ်။