စဥ့်ကူးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်များအတွင်းရှိ နယ်မြေရဲစခန်းများကို အကြမ်းဖက် PDF အဖွဲ့က Drop Bomb ပစ်ချတိုက်ခိုက်၊ ၉ လသားကလေးငယ်တစ်ဦး ဗုံးစထိမှန်

အောက်တိုဘာ ၁၄

     မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ထုံးကြီးကျေးရွာရှိ ထုံးကြီးနယ်မြေရဲစခန်းကိုအကြမ်းဖက် PDF အဖွဲ့က Drone ဖြင့် Drop Bomb ၁လုံး ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့် ပစ်ချတိုက်ခိုက်ခဲ့ရာ ၎င်းဗုံးသီးမှာ ပေါက်ကွဲခြင်း မရှိကြောင်း သိရသည်။

      အလားတူ ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာ အုပ်စု၊ မြို့သာ နယ်မြေရဲစခန်းကို အကြမ်းဖက် PDF အဖွဲ့က ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင်  Drop Bomb ၁လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးမှာ မြို့သာရဲစခန်း၏မြောက်ဘက်၊အမှတ်(၁) ရပ် ကွက်နေ ဦးအေးချမ်းဝင်းနှင့် ဒေါ်မိုးသဲ တို့၏ နေ အိမ်ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်။

      ထိုသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့်  ကုလား ထိုင်ပေါ်တွင် အိပ်ပျော်နေသည့် သားဖြစ်သူ မောင်ရွှေထက်ဝင်း၊ ၉ လ ကို ထိမှန်ခဲ့ကာ ဝဲဘက်ဝမ်းဗိုက် လက်လုပ်ဗုံးစ ထိမှန်ဒဏ်ရာ (မစိုး ရိမ်ရ)ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင် ဆေးကုသခံယူလျှက်ရှိကြောင်း သတင်း ရရှိနိူင်ပါသည်။

#PAN