ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဓားစာခံများ သေဆုံး

အောက်တိုဘာ ၁၄

      ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသည့်ဓားစာခံ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်စစ်သွေးကြွအဖွဲ့၏ လက် အောက်ခံ အယ်လ်ကွာဇန်တပ်ဖွဲ့က အောက်တို ဘာ ၁၃ ရက်နေ့တွင် ပြောကြား သည်။ ဂါဇာစီးတီးနှင့်ဂါဇာမြောက်ပိုင်းဒေသတွင် အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်မှုများ အရှိန်မြှင့်ဆောင် ရွက်ခဲ့ပြီးနောက် ဖမ်းဆီးထားသည့် ဓားစာခံများ သေဆုံးသွားခဲ့ကြောင်း သိရသည်။

         အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံ၌ ကျင်းပသည့် ဂီတပွဲတော်အတွင်း ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး အစ္စရေးနိုင်ငံသားများအား ဓားစာခံအဖြစ် ဖမ်း ဆီးခေါ်ဆောင်သွားခဲ့သည်။

         အစ္စရေးတပ်ဖွဲ့က အောက်တိုဘာ ၁၂ ရက်တွင် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ မြေအောက်လိုဏ် ခေါင်းများနှင့် ဆက်သွယ်ရေးဆိုင်ရာ အဆောက် အအုံများ ထိမှန်ခဲ့သည်။

         အစ္စရေးနိုင်ငံတွင်ဟားမတ်စ်စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ထိုင်းရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၂၀ သေဆုံးပြီး အများအပြားပျောက်ဆုံးနေကြောင်း သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံသား ၆၀၀၀ ခန့်မှာ အစ္စရေးနိုင်ငံမှ ထိုင်းနိုင်ငံသို့ပြန်လာရေးအတွက် ဆောင်ရွက်နေကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားသည်။

#PAN