KNLA/PDF အကြမ်းဖက်ပူးပေါင်း အဖွဲ့များက ဒုံသမိတံတားအား ပစ်ခတ်တိုက်ခိုက်ရန်နှင့် မိုင်းထောင်ဖောက်ခွဲရန် စီစဉ်နေ

အောက်တိုဘာ ၁၃

       ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် KNLA တမဟာ(၁)မှ ခေါင်းဆောင်(စိစစ်ဆဲ)အဖွဲ့နှင့် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ အင်အား ၅၀ ဦးခန့်သည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းဖုန်းကျေး ရွာတစ်ဝိုက်သို့ ရောက်ရှိခိုအောင်းလျက်ရှိကြောင်း
‌ဒေသခံရွာသားများထံ သိရပါသည်။

      အဆိုပါအဖွဲ့ သည် ကရင်-မွန်ပြည်နယ်အစပ် ဒုံသမိတံတား(ဘားအံဘက်ခြမ်း)အား ပစ်ခတ်တိုက်ခိုက်ရန်နှင့် မိုင်းထောင်ဖောက်ခွဲရန် စီစဉ်လျက် ရှိကြောင်း သိရပြီး ၎င်းအဖွဲ့မှ နယ်မြေကျွမ်းကျင်သူ/မိုင်းကျွမ်းကျင်သူ အပါအဝင် ၁၅ ဦးခန့်သည် ယင်းနေရာမှ ၁၀ မိနစ်ခန့် လမ်း လျှောက်၍ ဒုံသမိချောင်းအတိုင်း စက်လှေဖြင့်ထွက်ခွာခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ဘားအံမြို့နယ်၊ ကော့ပနော့ ကျေးရွာအနီး၊ ဒုံသမိချောင်းစပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

       ၎င်းအဖွဲ့သည် တောစပ်နေရာ၌ Honda Fit ခဲရောင်ယာဉ် ၁ စီးတွင် မိုင်းများတပ်ဆင်ပြီး အဆိုပါ ယာဉ်ဖြင့်  ဒုံသမိတံတားဂိတ်ဖွင့်ချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယာဉ်များအား စစ်ဆေးမှုများ ပြုလုပ် ၍ စေလွှတ်ပေးရာ၌ ယာဉ်အားဂိတ်အနီးသို့ မောင်းနှင်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယာဉ်အားလာရောက်စစ်ဆေးချိန်တွင် အဝေးထိန်းခလုတ်ဖြင့် မိုင်းဖောက်ခွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းအဖွဲ့နှင့် နီးစပ်သူ ရွာသား တစ်ဦထံမှ သိရသည်။

      ထို့အပြင် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြု လုပ်မည့် NCA ချုပ်ဆိုမှု (၈)နှစ်မြောက်အထိမ်းအမှတ်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့် နှစ်ပတ်လည်နေ့အခမ်းအနားအား ၎င်းတို့အနေဖြင့် သဘောတူလက်ခံခြင်းမရှိကြောင်း ပြသသည့်အနေဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား လုပ်ဆောင်ရန် စီစဥ်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN