အစ္စရေးနှင့် ပါလက်စတိုင်းတို့တွင် အကြမ်းဖက်မှုများသည် အရှေ့အလယ်ပိုင်း၌ အမေရိကန်၏ရှုံးနိမ့်မှုအား ပြသခြင်းဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောကြားခဲ့

အောက်တိုဘာ ၁၃

         အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား အကြမ်း ဖက်မှုများ မြင့်တက်လာခြင်းသည် ပါလက်စတိုင်း အကျိုးစီးပွားအပေါ် လျစ်လျူရှု၍ စေ့စပ်ညှိနှိုင်းမှုများအား လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းနေသည့် အမေရိကန်၏ မူဝါဒပျက်ကွက်မှုအား ပြသခြင်းဖြစ် ကြောင်း ရုရှားသမ္မတ Vladimir Putin က အောက်တို ဘာလ ၁၀ ရက်တွင် ပြောကြားခဲ့ပါသည်။

       အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ ရှင်း ရှင်းလင်းလင်းဖြစ်သည့် မူဝါဒပျက်ကွက်မှုအတွက် ဥပမာတစ်ခုဖြစ်ကြောင်းနှင့် လူအများအပြားအနေဖြင့်လည်း သဘောတူမည်ဖြစ် ကြောင်း ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အီရတ်ဝန်ကြီးချုပ် Mohammed Shia Al-Sudani နှင့်တွေ့ဆုံချိန်တွင် ရုရှားသမ္မတ Vladimir Putin က ပြောကြားခဲ့ပါသည်။

         နိုင်ငံတကာကြိုးပမ်းမှုများ အမေရိကန်နိုင်ငံသည် ဒေသတွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်
အား လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ တစ် ဖက်နှင့်တစ်ဖက် လက်ခံနိုင်သည့် အပေး အယူများအား လျစ်လျူရှုထားကြောင်း ရုရှားသမ္မတ Vladimir Putin က စွပ်စွဲပြောကြားခဲ့ပါသည်။

       အမေရိကန်နိုင်ငံအနေဖြင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေးအတွက် လိုအပ် ချက်အပါအဝင် ပါလက်စတိုင်းများ၏ အကျိုးစီးပွားအား လျစ်လျူရှုခဲ့ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောကြားခဲ့ပါ သည်။ ပါလက်စတိုင်းတို့ သည် ၁၉၆၇ ခုနှစ်၊ စစ်ပွဲတွင် အစ္စရေးတို့ သိမ်းပိုက်ထားသော နယ်မြေအားလုံးအား ပြန်လည်လိုလားလျက်ရှိပြီး အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသရှိ အရှေ့ဂျေရုဆလင်အား ၎င်းတို့၏ မြို့တော်အဖြစ်ထားရှိရန် ဆန္ဒရှိကြပါသည်။

       ရုရှားနိုင်ငံအနေဖြင့် နှစ်ဖက်စလုံးနှင့်အဆက် အသွယ်ရှိပြီး ၎င်းတို့အကြား ပဋိပက္ခအား ဖြေရှင်းရာတွင် အခန်းကဏ္ဍတစ်ခုမှပါဝင်ရန် ကြိုး စားမည်ဖြစ်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။

#PAN