အစ္စရေးနိုင်ငံ၌ အရေးပေါ်အစိုးရဖွဲ့စည်း

အောက်တိုဘာ ၁၃

       အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အတိုက်အခံပါတီခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်စ်တို့က အစ္စရေးနိုင်ငံ၌ အရေးပေါ် အစိုးရဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။

         ပူးတွဲကြေညာချက်ထုတ်ပြန် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဂန့်စ်တို့ကအောက်တိုဘာ ၁၁ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် ယခုကဲ့သို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

       နေတန်ယာဟု၊ ဂန့်စ်နှင့် လက်ရှိကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ပါဝင်သော ဝန်ကြီးအဖွဲ့သည် ၎င်းစစ်ပွဲရေးရာကိစ္စရပ်များကို စီမံခန့်ခွဲမည်ဖြစ် သည်။

       အစိုးရသစ်သည် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်အား ရင်ဆိုင်တိုက်ခိုက်ရေးအတွက် အစီ အမံများချမှတ်ဆောင်ရွက်မည်ဖြစ်သည်။

       စစ်ပွဲကာလအတွင်း ယခုလက်ရှိဖြစ်ပွားနေသည့်စစ်ပွဲနှင့်မသက်ဆိုင်သည့် ဥပဒေကြမ်းများနှင့် အစိုးရ ၏ဆုံးဖြတ်ချက်များကို စီမံခန့်ခွဲဆောင်ရွက်မည်မဟုတ်ကြောင်း သိရသည်။

       နေတန်ယာဟု၏အစိုးရနှင့်ဘန်နီဂန့်စ်၏ အတိုက် အခံပါတီတို့သည် အစ္စရေး၏ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် အခြား ပြည် တွင်းရေးကိစ္စများတွင် ဆန့်ကျင်ဘက်ဖြစ်နေသည်။

       သို့သော် နေတန်ယာဟု က ဟားမတ်စ်အဖွဲ့နှင့် ဖြစ်ပွားသည့် ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် အတိုက်အခံများနှင့် ပူးပေါင်းခြင်းဖြင့် ခိုင်မာ သော အစိုးရထူထောင်ရန် ရည်ရွယ်ထားသည်။

#PAN