သာစည်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ သိမ်း ဆည်းရမိ

အောက်တိုဘာ ၁၃

       မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) များ သိမ်း ဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

       ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
အောက်တိုဘာ ၇ ရက် ည ၁၀ နာရီက မန္တလေး တိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် ခရီးသည်တင် Express ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မထူးမြတ်နေ့သွယ်နှင့် နှင်းဝေဖြိုးတို့၏ခရီးဆောင်အိတ်များအတွင်းမှ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်ဆေးဝါး(Happy Water) ၁၀ ဒသမ ၁၇ ကီလို သိမ်း ဆည်းရမိခဲ့သည်။

       အဆိုပါ တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ပြောင်း ဆေးဝါးများကို ရှမ်းပြည် နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက် လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

#PAN