မြင်းခြံမြို့နယ်၊ကျောက်ကုန်းကျေးရွာတွင် NLD အမာခံတစ်ဦး၏ ဇနီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်တစ်ဦးနှင့် သာမန်ပြည်သူ တစ်ဦးတို့ကို သတင်းပေးဒလန်ဟု စွတ်စွဲချက်ဖြင့် အကြမ်းဖက် PDF များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

အောက်တိုဘာ ၁၃

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက် ကုန်းကျေးရွာနေသူများဖြစ်ကြသော ဒေါ်လှလှဟန်၊၄၈ နှစ်၊(ဘ)ဉီးမင်းမောင်၊တောင်သူနှင့် ဦးမောင်မောင်မြင့်၊ ၄၀နှစ်၊(ဘ)ဦးလှဆန်း၊တောင်သူ တို့ကို အမည်မသိ အကြမ်းဖက်သမား PDF များက ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် နေအိမ်အတွင်း လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရပါသည်။

        ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်လှလှဟန် တွင် ယာ-နဖူးဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဦးမောင်မောင်မြင့် တွင် ယာ-ဦးခေါင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ဝဲ-ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ အမ်-၂၂ ကျည်ခွံ ၄ခုကို သိမ်း ဆည်းရမိခဲ့သည်။

       ဖြစ်စဉ်မှာ အဆိုပါ အမည်မသိ အကြမ်းဖက် သမား PDF ၅ ဦးသည် ဆိုင်ကယ် ၂စီး ဖြင့် သေ နတ်အရှည်များကိုင်ဆောင်ပြီး ကျေးရွာအနောက်ဘက်မှ ဦးသန်းနိုင်၏ နေအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ဦးသန်းနိုင်မှာ နေအိမ်အနောက်ဘက်သို့ထွက်ပြေးခဲ့သည့်အတွက် လွတ်မြောက်ခဲ့ကြောင်း၊ နေအိမ်အတွင်းရှိနေသော ဇနီးဖြစ်သူ ဒေါ်လှလှဟန်နှင့် ညီဝမ်းကွဲတော်စပ်သူ ဦးမောင်မောင်မြင့်တို့ ၂ဦးကို “သတင်းပေး ဒလန်တွေ အရှင်မထားဘူး” ဟုပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်ပြီး ကျောက် ကုန်းကျေးရွာအနောက်ဘက်မှ မရိုးကုန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

       သေဆုံးသူ ဦးမောင်မောင်မြင့်မှာ ယခင်က NLD ပါတီအမာခံတစ်ဦးဖြစ်ပြီး သေဆုံးသူ ဒေါ်လှလှဟန်မှာ ယခင်က ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ ဝင်တစ်ဦးဖြစ်ကြောင်း၊ သေဆုံးသူ ဒေါ်လှလှဟန်နှင့် ဦးမောင်မောင်မြင့်တို့သည် ယခုကာလတွင် အကြမ်း ဖက်သမားများ၏ သတင်းများကို လုံခြုံရေးအဖွဲ့ဝင်များထံ ပေးပို့နေသည့် အတွက် ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#PAN