အောက်တိုဘာ ၁၃
ပဲခူးမြို့မှာ ၃ ရက်ကြာစံချိန်တင် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်က ရေများပြန်လည်ကျဆင်းခဲ့သည်ဟု သိရပါသည်။ ယခုလို ရေများပြန် လည်ကျဆင်းလာပြီးဖြစ်သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် စတင်ဆောင်ရွက်နေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။
ဝန်ကြီးချုပ်က ပဲခူးမြို့အတွင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပဲခူးမြို့အတွင်း ရေထပ်မံဝင်ရောက်မရှိစေရေး ရေဝင်/ ရေထွက်များကို ပြန်လည်အဆင်မြှင့်တင်ရန်၊ ရေတားတာ တစ်လျှောက် တာကြံ့ခိုင်ရေးစစ်ဆေးရန်နှင့် အမြင့်ဆုံး ရောက်ရှိခဲ့သည့် ရေမှတ်အပေါ်အခြေခံကာ ရေတားတာများ ပြန်လည်ပြင်ဆင်နိုင်ရန် ကွင်းဆင်းစိစစ်တွက်ချက် တင်ပြန်ရန်နှင့် ပျက်စီးသွားတဲ့ လမ်းများကို ပြန်လည်ပြင်ဆင်ရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ရပ်ကွက်များရှိဒေသခံပြည်သူများကို ရေသန့်စင်စက် တပ်ဆင်ကာ မော်တင်ယာဉ် နဲ့ ရေသန့်အခမဲ့ ဖြန့်ဝေပေးနေမှုကို ကြည်ရှုအားပေးခဲ့ကြောင်း သိရပါသည်။
#PAN