တောင်သာမြို့နယ်၊ မြို့နယ်ထွေ/အုပ်ရုံးကို အကြမ်းဖက်သမားများက Drop Bomb ဖြင့် ပစ်ချတိုက်ခိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် မြို့နယ်ရဲတပ်ဖွဲ့မှုး တို့ မစိုးရိမ်ရ ဒဏ်ရာရရှိ

အောက်တိုဘာ ၁၃

       မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊တန်းမြင့်ကျောင်းရပ်ကွက်ရှိ တောင်သာမြို့နယ်၊ထွေ/အုပ်ရုံးသို့ အကြမ်းဖက်သမားများက Drop Bomb ၂ လုံးဖြင့် ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပစ်ချတိုက်ခိုက်ခဲ့ရာ ထွေ/အုပ်ရုံးရှေ့၊တောင်သာ – နွားထိုးကြီးလမ်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နယ်ထွေ/အုပ်ရုံးအခြေ ပြု လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ၏ Drone မှာ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

      မြို့နယ်ထွေ/အုပ်ရုံးရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ Drop Bomb ကျရောက်သောနေရာသို့ စစ်ဆေးနေစဥ် အကြမ်းဖက်အဖွဲ့ဝင်များက Drone ဖြင့် Drop Bomb ၂လုံးဖြင့် ထပ်မံပစ်ချ တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

       ထိုသို့ Drop Bomb ဖြင့် တိုက်ခိုက်မှုကြောင့် ​တောင်သာမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟန်သူရ တွင် ဝဲ-ရင်အုံအနီး ပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ဝဲ-ဒူး ခေါင်း ပွန်းပဲ့ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)၊မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးမြင့်သိန်းတွင် ဝဲ-တင် ပါး ပွန်းပဲ့ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။