ဇမ္ဗူသီရိမြို့နယ်၊ ရွှေစံအိမ်ဟိုတယ်တွင် အမျိုး သမီး ၁ဦး လက်နက်နှင့်အတူ ဖမ်းဆီးရမိ

အောက်တိုဘာ ၁၃

       လုံခြုံရေးတာဝန်ရှိသူများသည် သတင်းအရ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ် ကွက်၊ ရွှေစံအိမ်ဟိုတယ်သို့ ယနေ့ မွန်ူလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ဝင်ရောက်ရှာစစ်ဆေးရာ အမျိုးသမီး တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

       ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ နယ် မြေ (၇)၊ အမှတ် ၇/၉၂ စံပယ်လမ်းရှိ ရွှေစံအိမ်ဟိုတယ်သို့ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အိအိဖြူ၊ ၃၀ နှစ်၊ (ဘ) ဦးအောင်မင်း၊ သုခတော်ဝင်အိမ်ရာ၊ တိုက် P4၊ အခန်း ၁၂၊ ဇမ္ဗူသီရိမြို့နယ် နေထိုင်သူ တည်းခိုနေသည့် ဟိုတယ်အိပ်ခန်းအတွင်းမှ ZORAKI 2914-T အမျိုးအစား ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု ၊ ပွိုင့် ၃၈ ကျည် ၅တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက် လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

#PAN