၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ် ပူးတွဲကျင်းပနိုင်ရန် စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီရှားနိုင်ငံတို့ ကြိုးပမ်းနေ

အောက်တိုဘာ ၁၃

       အာဆီယံဒေသအတွင်းနိုင်ငံများ ဖြစ်ကြတဲ့ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီရှားနိုင်ငံတို့က ‌၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပနိုင်ရန် ကြိုးစားနေတယ်လို့ သိရပါတယ်။

        ကမ္ဘာ့ဖလားအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို ကျင်းပမယ့် နိုင်ငံများကို အတည်ပြုကြေညာပြီးနောက်  ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပလိုသည့် နိုင်ငံစာရင်းကို ကောက်ယူ ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိရန် တရားဝင်တင်သွင်းပြီးနောက် စင်ကာပူနိုင်ငံ၊ မလေးရှား နိုင်ငံနှင့် အင်ဒိုနီရှားနိုင်ငံတို့ကလည်း သုံးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် ကြိုးပမ်းနေတာ ဖြစ်ပါ တယ်။

       ကမ္ဘာ့ဖလားအဖွဲ့ချုပ်က ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှဇုန်နှင့် သမုဒ္ဒရာပိုင်းဇုန်မှာ ကျင်းပရန် စီစဉ်နေတဲ့ အတွက် အာရှဇုန်မှ စင်ကာပူနိုင်ငံ၊ မလေးရှား နိုင်ငံနှင့် အင်ဒိုနီရှားနိုင်ငံတို့ အိမ်ရှင်အဖြစ် ကျင်းပရန်ကြိုးပမ်းနေသလို သမုဒ္ဒရာပိုင်းဇုန်မှာ ဩစတြေးလျနိုင်ငံကပါ ဆွေးနွေးမှုများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

https://t.me/positiveanglenews

#PAN