ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဈေးကွက်တန်ကြေးအမြင့်ဆုံးအသင်းအဖြစ် မန်စီးတီးအသင်းရပ် တည်နိုင်ခဲ့တဲ့

အောက်တိုဘာ ၁၃

      ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဈေးကွက်တန်ကြေးအမြင့်ဆုံးအသင်းစာရင်းမှာ မန်စီးတီးအသင်းက ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ပြီး ဈေးကွက်တန်ကြေးအနိမ့်ဆုံးအသင်းအဖြစ် လူတန်တောင်းအသင်းက ရပ်တည်နိုင်ခဲ့ပါ တယ်။

        မန်စီးတီးအသင်းက လက်ရှိဈေးကွက်ပေါက်‌ဈေးမှာ စတာလင်ပေါင် ၁ ဒသမ ၂၆ ဘီလီယံအထိရှိကာ ပရီးမီးယားလိဂ်ပြိုင်ပွဲအသင်းများမှာ ဈေးကွက်တန်ကြေးအမြင့်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး လူတန်တောင်း အသင်းက စတာလင်ပေါင် ၈၆ သန်း သာရှိတဲ့အတွက် ဈေးကွက်တန်ကြေးအနိမ့်ဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

         အဆိုပါ စာရင်းရဲ့ ဒုတိယနေရာမှာ အာဆင်နယ်အသင်းက စတာလင်ပေါင် ၁ ဒသမ ၁ ဘီလီယံနဲ့ ရပ်တည်လျက် ရှိပါတယ်။ အဆင့် (၃) မှာ ချဲလ်ဆီးအသင်း၊ အဆင့် (၄) မှာ လီဗာပူးလ်အသင်းနှင့် မန်ယူအသင်းက အဆင့် (၅) နေရာမှာ ရပ် တည်နေတယ်လို့ သိရပါတယ်။

#PAN