ရွန်းနီကို ဘာမင်ဂမ်အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်

Photo:Skysports

အောက်တိုဘာ ၁၂
မန်ယူကစားသမားဟောင်းဖြစ်တဲ့ ရွန်းနီဟာ ဒီစီယူနိုက်တက်နဲ့ လမ်းခွဲပြီးတဲ့နောက် ရက်ပိုင်းလေးအတွင်းမှာပဲ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်းအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
လိဂ်ချန်ပီယံရှစ် ကလပ်အသင်း ဘာမင်ဂမ်ဟာ လွန်ခဲ့တဲ့ ၂၀၁၀-၁၁ ဘောလုံးရာသီကတည်းက ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ချန်ပီယံရှစ်မှာပဲ ကျင်လည်နေခဲ့ရပါတယ်။ လက်ရှိဘောလုံးရာသီမှာ ဘာမင်ဂမ်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေပါတယ်။