ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ ဘုန်းကြီး ကျောင်းတစ်ခုတွင် စခန်းချခိုအောင်းနေသော အကြမ်းဖက် PDF များကို ဒေသခံရွာသားများ၏ ပေးပို့သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်း

အောက်တိုဘာ ၁၂

       မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ၊ ဘုန်းတော်ပြည့်အုပ်စု ၊ကျောက်ဖူးရွာရှိ ဗောဓိရိပ်သာကျောင်းတွင် အကြမ်းဖက် PDF အင်အား ၁၀၀ ခန့်စခန်းချ ခိုအောင်းနေကြောင်း ဒေသခံရွာသားများ၏ လျှို့ဝှက်သတင်းပေးပို့လာမှုကြောင့် နယ်မြေခံလုံခြုံရေးအဖွဲ့များက ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် အဆိုပါနေရာအား သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

 

     အဆိုပါ ဘုန်ကြီးကျောင်းအရောက် ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များ ကို တွေ့ရှရခြင်းမရှိဘဲ ၎င်းတို့ ချက်ပြုတ်ထားသော ဟင်းအိုးများ၊ အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းအချို့ကို ချန်ထားပြီး ကိုယ် လွတ်ရုန်းထွက်ပြေးကြကြောင်း သိရပါသည်။

       ” ဘုန်းကြီးကျောင်းမှာ ရဟန်းသံဃာတစ်ပါးမှ သတင်းမသုံးဘူး၊ ဘုန်းကြီးတွေကို မောင်းထုတ်ပြီး PDF တွေ အခြေပြုနေတာ ကြာပြီ ” ဟု ၎င်း ရွာမှ အခြားဒေသသို့ ရှောင်တိမ်းနေသူ ရွာသားတစ်ဦးက ဆိုပါသည်။

       အကြမ်းဖက် PDFများက မည်သည့်ကြောင့် လုံခြုံရေးအဖွဲ့နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိသလဲဟု အဆိုပါရွာသားကို မေးမြန်ရာ ” PDF တွေဆီမှာ လက်နက်က အရင်ကတည်းက ကိုယ်စီမကိုင်နိုင်ကြဘူး အခု သူတို့မှာ ခဲယမ်း သိပ်များများစားစား မရှိကြတော့ဘူးလို့ကြာတယ်၊ ဒါကြောင့် တပ်လာရင် ရှောင်ပြေးတဲ့ ဗျူဟာ သုံးနေတာပေါ့” ဟု ဆက်လက်ပြောပြပါသည်။

       အကြမ်းဖက် PDF များ စခန်းချခိုအောင်းခဲ့သော အဆိုပါ ဘောဓိရိပ်သာကျောင်းကို လုံခြုံ ရေးအဖွဲ့က ရှင်းလင်းရာ လက်လုပ် သေနတ်အရှည် ၄ လက်၊ ၄၀ မမ လုပ်လုပ်  ၁ လက် ၊ ၆၀ မမ လက်လုပ် ၁လက်၊ လက်လုပ်မိုင်းမျိုးစုံ ၁၀ လုံး ၊ ဆိုင်ကယ် ၄စီး၊ လက် နက်ဝယ်ယူရန် အလှူခံဖြတ်ပိုင်း စာအုပ် ၆အုပ် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN