ရန်ကုန်မှာ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်နေ

အောက်တိုဘာ ၁၂

       ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်း က ပြောကြားခဲ့ပါသည်။

        ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓါတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓါတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့် ပတ် သက်သည့် အစည်းအဝေးကို အောက်တို ဘာလ ၉ ရက်နေ့က ကျင်းပခဲ့ပါသည်။

       ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓါတ်အား ထုတ်လုပ်မှု ကို တိုးချဲ့တည် ဆောက်နိုင်ရန် စီစဉ်နေကာ ထုတ်လုပ်သည့် ဓါတ်အားများကို ပိုမိုသယ် ဆောင်နိုင်ရန် ဆောင်ရွက်နေသည်ဟု ဆိုပါသည်။ ၎င်းအပြင် ဓါတ်အားပြတ်တောက်မှု၊ ဓါတ်အားပျောက်ဆုံးမှု လျော့ နည်းစေရေးနှင့် ဓါတ်အားစနစ် တည်ငြိမ်တိုး တက်ကောင်းမွန်စေရေးကို စီမံဆောင်ရွက်နေကြောင်း ပြောဆိုထားပါသည်။

#PAN