မြန်မာ့လက်ရွေးစင်မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အာရှဖလားခြေစစ်ပွဲအောင်မြင်


အောက်တိုဘာ ၁၂
၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စု(E) နောက်ဆုံးနေ့ကို အောက်တိုဘာ ၁၁ ရက်က တာဂျစ်ကစ္စတန်နိုင်ငံ၌ကျင်းပရာ မြန်မာအသင်း ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် အိမ်ရှင်တာဂျစ်ကစ္စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။ သို့သော် မြန်မာအသင်းသည် အုပ်စုဒုတိယရရှိပြီး အကောင်းဆုံးအုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ဂိုးမရှိသရေကစားနိုင်သော်လည်း ဒုတိယပိုင်းတွင် ဂိုးများပေးလိုက်ရကာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ အုပ်စု (E) ပွဲစဉ်များအပြီးတွင် တာဂျစ်ကစ္စတန်အသင်းက သုံးပွဲနိုင် ကိုးမှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက နှစ်ပွဲနိုင် တစ်ပွဲရှုံး ခြောက်မှတ်ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး သုံးမှတ်ရသည့် ပါလက်စတိုင်းအသင်း၊ သုံးပွဲစလုံး အရေးနိမ့်သည့် အိန္ဒိယအသင်းတို့မှာ ခြေစစ်ပွဲမအောင်မြင်ခဲ့ပေ။

၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲကို အုပ်စု ရှစ်ခုခွဲ၍ ကျင်းပခဲ့ပြီး အုပ်စု(က)တွင်  တာ့ခ်မင်နစ္စတန်အသင်း  နုတ်ထွက်သွားသည့်အပြင် နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ထိုင်းအသင်း၏ ရလဒ်ကိုလည်း ထည့်သွင်းတွက်ချက်ခြင်းမရှိသဖြင့် တရုတ်နှင့် ဟောင်ကောင်နှစ်သင်းသာ ကျန်ရှိတော့ပြီး နှစ်ကျော့ကစားစေကာ အုပ်စု ပထမရသည့်တစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ခြေစစ်ပွဲ ကျင်းပသည့်ပုံစံအရ အုပ်စု ရှစ်ခုမှ ထိပ်ဆုံး ရှစ်သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံး ခုနစ်သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သော်လည်း နှစ်သင်းသာ ကျန်ရှိသည့်အုပ်စု(က)မှ တစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သောကြောင့် ကျန်အုပ်စုခုနစ်ခုမှ ဒုတိယနေရာရ ခုနစ်သင်းမှာ အလိုအလျောက်ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။