မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း အာရှဖလားခြေစစ်ပွဲအောင်မြင်

အောက်တိုဘာ ၁၂

         ၂၀၂၄ ခုနှစ်စက်တင်ဘာလ ၁၁ ရက်က တာဂျစ်ကစ္စတန်နိုင်ငံမှာ အာရှဖလားဖူဆယ်ခြေစစ်ပွဲအုပ်စု  နောက်ဆုံးနေ့ကို ကျင်းပခဲ့ပြီး မြန်မာအသင်းက အိမ်ရှင်တာဂျစ်ကစ္စတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ သုံးဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် မြန်မာအသင်းဟာ အုပ်စုဒုတိယရရှိပြီး အကောင်းဆုံးအုပ်စုဒုတိယအဖြစ်   ခြေစစ်ပွဲအောင်မြင်ခဲ့ပါ တယ်။

        မြန်မာအသင်းဟာ ပထမပိုင်းတွင်ဂိုးမရှိ သရေကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ သွင်းဂိုးများခွင့်ပြု ပေးလိုက်ရကာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်များအပြီးမှာ တာဂျစ်ကစ္စတန်အသင်းက  ၃ ပွဲနိုင် ၉ မှတ်နဲ့ အုပ်စုပထမ၊ မြန်မာအသင်းက နှစ်ပွဲနိုင်တစ်ပွဲရှုံး   ခြောက်မှတ်ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

#PAN