မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စိတ်ပြောင်းဆေးဝါးများနှင့် ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရမိ ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ

အောက်တိုဘာ ၁၂

       မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငွေကျပ်သိန်း ၇၂၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

         မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၅ ရက် ည ၇ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ် ကွက် ၃၅ လမ်း၊ ၅၃ × ၅၄ ကြားတွင် စိုင်းဆိုင်လှိုင်း မောင်းနှင်ပြီး ဖြိုးငြိမ်းကျော် လိုက်ပါလာသည့် ယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၁၇၀၀၊ ကက်တမင်း ၂ ဒသမ ၅၅ ကီလိုနှင့် Happy Water ၃၀ ဂရမ် သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ည ၈ နာရီတွင် မဟာအောင်မြေမြို့နယ်
ရွှေဘုန်းရှိန်ရပ်ကွက်ရှိ ဖြိုးငြိမ်းကျော် ငှားရမ်းနေထိုင်သည့် နေအိမ်မှ အက်တက်စီဆေးပြား ၆၀၊ Happy Water ၂၂၅ ဂရမ်နှင့် ကက်တမင်း ၁၀၇ ဒသမ ၅ ဂရမ်ကိုလည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် လွင်ထူးအောင်အား အောက်တို ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၇၂) အနီးတွင် ယာဉ်တစ်စီး၊ ကက်တမင်း ၇ ဒသမ ၄၀၅ ကီလို၊ Happy Water ၈၀၀ ဂရမ်၊ အက်တက်စီဆေးနှစ်ပြား၊ ပစ္စတိုသေနတ် တစ်လက်၊ ဗကျည်အိမ် နှစ်ခု၊ ပြောင်းပို တစ်ခု၊ အသံတိတ်ပြောင်းပို တစ်ခု၊ မြန်မာငွေကျပ် ၁၀ သိန်းနှင့်လည်းကောင်း၊ အိုက်ကွမ်း(ခ)စိုင်းကွမ်းခမ်းကို ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲတွင် မူဆယ်မြို့ တော်ရွက်ရပ်ကွက် ဟိုဆောင်နယ်မြေရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် သိန်း ၇၀၀ ကျော် တန်ဖိုးရှိကက်တမင်း ၁၀ ဒသမ ၀၆၂၅ ကီလို၊ Happy Water ၁ ဒသမ ၅၅ ကီလိုနှင့် အက်တက်စီဆေးပြား ၁၇၆၂ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်မှ ကရင် ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်
ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN