မက္ကဆီကိုအပန်းဖြေစခန်းအနီးတွင် 140MPH ရှိသော ဟာရီကိန်း လီဒီယာ ၀င်ရောက် နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၂

       ဟာရီကိန်း လီဒီယာသည် မက္ကဆီကို၏ ပစိဖိတ်ကမ်းခြေအပန်းဖြေစခန်း Puerto Vallarta အနီးတွင် အင်္ဂါနေ့နှောင်းပိုင်းတွင် “အလွန်အန္တရာယ်များသော” အဆင့် – ၄ မုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းသို့ မရွေ့လျားမီ လေတိုက်နှုန်း 140 မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။

        မုန်တိုင်း၏ဗဟိုချက်မှာ Puerto Vallarta အပန်း ဖြေမြို့မှ မိုင် 30 ခန့်အကွာရှိ လူဦးရေကျဲပါးသော ဧရိယာနှင့် Jalisco ပြည်နယ်မြို့တော် Guadalajara မှ မိုင် 90 အကွာတွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဓာတ် အားလိုင်းများ ပြတ်တောက်ကာ အဝေးပြေးလမ်းအချို့တွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။

      အဆိုပါ ဟာရီကိန်းမုန်တိုင်းသည် ကုန်းတွင်းသို့ ရွေ့လျားပြီးသည့်တိုင် အားကောင်းနေဆဲဖြစ်ပြီး ဒေသတွင်းရှိ အဝေးပြေးလမ်းအချို့ကို ခေတ္တပိတ်ဆို့ထားသည်။ Jalisco ပြည်နယ်တွင် shelter ၂၃ ခုဖွင့်ထားပြီး Puerto Vallarta မြို့အစိုးရမှ လူဒါဇင်အနည်းငယ်သည် ထိုနေရာတွင် shelter များသို့ သွားကြသည်ဟု ဆိုသည်။

       ဟာရီကိန်း လီဒီယာသည် အဆင့် ၄ ဟာရီကိန်းမုန်တိုင်းအဖြစ် ဗုဒ္ဓဟူးနေ့တွင်  ဟာရီကိန်းမုန်တိုင်း ကုန်းတွင်းပိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ အဆိုပါ မုန်တိုင်းအတွင်း လူတစ်ဦးသေဆုံးကာ အခြားတစ်ဦးမှာ မြစ်ရေလှိုင်းအတွင်း မြောပါသွားပြီး ရေနစ်သေဆုံးကာ အခြားနှစ်ဦး ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

#PAN