ဘာမင်ဂမ်အသင်းက ဝိန်းရွန်းနီ ကို အသင်းနည်းပြအဖြစ် ခန့်အပ်

အောက်တိုဘာ ၁၂

        အသက် ၃၇ နှစ်အရွယ် ဝိန်းရွန်းနီ ကို ချန်ပီ ယံရှစ်ကလပ် ဘာမင်ဂမ်အသင်းက သုံးနှစ်ခွဲစာချုပ်နဲ့ ခန့်အပ် လိုက်တာ ဖြစ်တယ်လို့ ထုတ် ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

        ဘာမင်ဂမ်အသင်းဟာ နည်းပြ ဂျွန်ယူစတက်စ် ကို ထုတ်ပယ်ခဲ့ပြီးတဲ့နောက် ရွန်းနီ ကို ခန့် အပ်ခဲ့တာ ဖြစ်ပါ တယ်။ ဘာမင်ဂမ်အသင်းမှာ ဝိန်းရွန်းနီ ကို အင်္ဂလန်အသင်းဖော်ဟောင်းဖြစ်တဲ့ အက်ရှ်လေကိုးနှင့် မန်ယူအသင်းရဲ့ အသင်းဖော်ဟောင်း ဂျွန်အိုရှေး တို့က ကူညီသွားမယ်လို့ သိရပါတယ်။

       ဝိန်းရွန်းနီ ဟာ မေဂျာလိပ်ကလပ် ဒီစီယူနိုက်တက်နှင့် မကြာခင်ကမှလမ်းခွဲခဲ့တာဖြစ်ပြီး အင်္ဂလန်နိုင်ငံကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ရွန်းနီ ဟာ ဒါဘီကောင်တီအသင်းနှင့် ဒီစီယူနိုက်တက်တို့ကို နည်းပြအဖြစ်ကိုင် တွယ်ခဲ့တာ ဖြစ်ပါတယ်။

#PAN