ဖားကန့်တွင် စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးကို အမည်မသိ အကြမ်းဖက် PDF နှစ်ဦးက ပစ်သတ်

အောက်တိုဘာ ၁၂

        ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေး ရွာအုပ်စု၊ အောင်သာယာရပ်ကွက်(၂) မြေ စာပုံအနီးရှိ စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မြင့်သိန်း(ခ)ကိုဖက်တီး၊ ၄၂ နှစ်ကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အမည်မသိ အကြမ်းဖက် သမား  PDF လူငယ် နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

     ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးအောင်မြင့်သိန်း (ခ) ကိုဖက်တီး တွင် ဦးခေါင်းသေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ၎င်း၏ ရုပ်အလောင်းကို လုံးခင်းသင်္ဂဟလူမှူကူညီရေးအဖွဲ့က လာရောက်သယ်ယူသွားကြောင်း သိရပါ သည်။

       စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မြင့်သိန်း (ခ) ကိုဖက်တီး သည် ဆိုင်းအတွင်းရှိနေစဥ် အကြမ်းဖက် PDF လူငယ် နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာပြီး ဆိုင်အတွင်း လူများအရှေ့တွင် ဦးအောင်မြင့်သိန်း (ခ) ကိုဖက်တီး ၏ ဦးခေါင်းကို သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ကာ ၎င်းတို့ စီးနင်းလာသော ဆိုင်ကယ်ဖြင့် ပြန်ထွက်သွားသည်။

      ” ဘာကြောင့် ပစ်သတ်တာလဲဆိုတာတော့ အတိ အကျမသိဘူး၊ လူတွေပြောနေကြတာတော့အမျိုးမျိုးဘဲ၊ ဖြစ်နိုင်တာကတော့ PDF တွေက ငွေကြေးအထောက်အပံ ရတာတွေ နည်းသွားတော့၊ ဆက်ကြေးကောက်တာတွေရှိတယ်၊ ကိုဖက်တီး က ဆက်ကြေးမပေးလို့ လာသတ်သွားတာလို့ ထင်ပါတယ် ” ဟု အဆိုပါ စားသောက်ဆိုင်သို့ မကြာခဏ သွားတတ်သူ ဒေသခံတစ်ဦးထံမှ သိရပါသည်။

       အလားတူ ဖားကန့်မြို့၊ ဖားပြင်ကျေးရွာတွင်လည်း ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က မုန့် သည် အမျိုးသားတစ်ဦးနှင့် ဆီထည့်နေသည့် အမျိုး သားတစ်ဦးတို့ကို အကြမ်းဖက် PDF များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲကြောင်း သတင်းရရှိပါသည်။