ပဲခူးမြစ်နှင့် ဧရာဝတီမြစ်အပါအဝင် မြစ်ကြီး ၉ ခုမှ မြစ်ရေများ အောက်တိုဘာလ ဒုတိယပတ်အတွင်း လက်ရှိရေမှတ်များအထက် ဆက်လက်မြင့်တက်နိုင်

အောက်တိုဘာ ၁၂

       ပဲခူးမြစ်နှင့် ဧရာဝတီမြစ်အပါအဝင် မြစ်ကြီး ၉ ခုမှ မြစ်ရေများသည် အောက်တိုဘာလ ဒုတိယ ၁၀ ရက် ပတ်အတွင်း မြို့အချို့၏ လက် ရှိရေမှတ်များအထက် သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အောက်တိုဘာလ ၁၁ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။

          မိုးလေဝသနှင့် ဇလဗေဒညွှတ်ကြားမှု ဦးစီး ဌာန၏ ခန့်မှန်းချက်အရ ပဲခူးမြစ်ရေသည် အောက်တို ဘာလဒုတိယ ၁၀ ရက်ပတ်အတွင်း ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၇ ပေမှ ၈ ပေခန့်အထိ လက်ရှိရေအမှတ်အထက်သို့ ဆက်လက် မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။

#PAN