ထားဝယ်မြို့နယ်၊ ဝဇွမ်းချောင်းရွာရှိ တောင်ပိုင်းကမ္ဘာ သတ္ထုတူးဖော်ရေးကုမ္ပဏီပိုင်ဆိုင်ပြီး လုပ်ငန်းများခေတ္တရပ်နားထားသည့် ဇော်ဖိုးလှလုပ်ငန်းခွင်မှ အဆောက်အဦးများနှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး


အောက်တိုဘာ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝဇွမ်းချောင်းရွာရှိ တောင်ပိုင်းကမ္ဘာ သတ္ထု တူးဖော်ရေး ကုမ္ပဏီပိုင်ဆိုင်ပြီး လုပ်ငန်းများခေတ္တရပ်နားထားသည့် ဇော်ဖိုးလှလုပ်ငန်းခွင်မှ အဆောက်အဦးများနှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၃ နာရီတွင် ထားဝယ်မြို့နယ်၊ ဝဇွမ်းချောင်း ရွာရှိ တောင်ပိုင်းကမ္ဘာ သတ္ထုတူးဖော်ရေးကုမ္ပဏီပိုင်ဆိုင်ပြီး လုပ်ငန်းများခေတ္တရပ်နားထားသည့် ဇော်ဖိုးလှလုပ်ငန်းခွင်သို့ စောကောလာဖိုး ဦးဆောင်သည့် PDF အမည်ခံအကြမ်းဖက်သမား ၅၀ ဦးခန့် ရောက်ရှိလာပြီး လုပ်ငန်းခွင်အတွင်းရှိ လုပ်ငန်းရုံးအဆောက်အဦး ၁ လုံး၊ ဂိုဒေါင် ၁ လုံး၊ လူနေအဆောင် ၁ လုံး၊ စက်ရုံအဆောက်အဦး၁ လုံး၊ ဘတ်ဟိုးယာဉ် ၁ စီး၊ ဘူဒိုဇာယာဉ် ၁ စီးနှင့် လုပ်ငန်းသုံးအပေါ့စားယာဉ်(Mini car) ၅ စီး တန်ဖိုး (စိစစ်ဆဲ)တို့အား မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုသို့အများပြည်သူပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN