ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ ရွေးချယ်ခဲ့  

အောက်တိုဘာ ၁၂

       ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ သုံးနှစ်တာသက် တမ်းအတွက် အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သော လူ့အခွင့်အရေးကောင်စီတွင် တာဝန်ထမ်းဆောင်ရန် ၁၅ နိုင်ငံကို အောက်တိုဘာလ ၁၀ ရက်၌ ရွေး ချယ်လိုက်ကြောင်း သိရသည်။

       လျှို့ဝှက်မဲပေးမှုမှတစ်ဆင့် ဘူရွန်ဒီ၊ ကိုဒီဗာ၊ ဂါနာ၊ မာလာssဝီ (အာဖရိက)၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကူဝိတ် (အာရှ-ပစိဖိတ်ဒေသ)၊ အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား (အရှေ့ဥရောပ)၊ ဘရာဇီး၊ ကျူးဘား၊ ဒိုမီနီကန်သမ္မတနိုင်ငံ (လက်တင်အမေရိကနှင့် ကာရေဘီယံ)၊ ပြင်သစ်၊ နယ်သာလန် (အနောက်ဥရောပနှင့် အခြားနိုင်ငံများ) တို့ကို ရွေးချယ်ခဲ့သည်။

        တရုတ်၊ ကိုဒီဗာ၊ ကျူးဘား၊ ပြင်သစ်နှင့် မာလဝီ စသည့်နိုင်ငံများက ပြန်လည် ရွေးချယ်ခံရခြင်း ဖြစ် သည်။ ယခုနှစ်ကုန်တွင် လူ့အခွင့်အရေးကောင်စီမှ ထွက်ခွာရမည့် ၁၀ နိုင်ငံမှာ ဂါဘွန်၊ ဆီနီဂေါ(အာဖရိက)၊ နီပေါ၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန် (အာရှ-ပစိဖိတ်)၊ ချက်သမ္မတနိုင်ငံ၊ ယူကရိန်း (အရှေ့ဥရောပ)၊ ဘိုလီးဗီးယား၊ မက္ကဆီကို (လက်တင်အမေရိကနှင့် ကာရေဘီယံ) ၊ ဗြိတိန် (အနောက်ဥရောပနှင့် အခြားနိုင်ငံများ) တို့ ဖြစ်သည်။

       ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီသည် ကမ္ဘာတစ်ဝန်း လူ့အခွင့် အရေး မြှင့်တင် ခြင်းနှင့်ကာကွယ်ခြင်းအတွက် တာဝန်ရှိသော အစိုးရအသီးသီးပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN