၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၁,၃၀၀ နီးပါး တင်ပို့ပြီးဖြစ်”

အောက်တိုဘာ ၁၁

      ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၁,၃ဝဝ နီးပါး တင်ပို့ပြီး ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့် ၏ပြောကြားချက်အရ သိရသည်။

        ပုဂ္ဂလိကကဏ္ဍမှ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ်တန် ၁,၁၂၈ ဒသမ ၉၁ တန် တင်ပို့ပြီး နယ်စပ်ကုန် သွယ်ရေးမှ ပျားရည်မက်ထရစ်တန် ၁၅ဝ တင်ပို့ရာ စုစုပေါင်း ပျားရည်မက်ထရစ်တန် ၁,၂၇၈ ဒသမ ၉၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၁၈ သန်းရရှိထားခြင်းဖြစ် ကြောင်း သိရသည်။

        ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာ ပျားရည်၊ လိုက်ချီးပျားရည် ဟူ၍ ထုတ်လုပ်လျက်ရှိသည်။ ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့သည့် ပျားရည်များသည် ယခင်နှစ်က ထုတ်လုပ်ထားသည့် ပျားရည်များဖြစ်သည်။ ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများကဲ့သို့ ပြည်ပနိုင်ငံ များသို့ တင်ပို့ကာ နိုင်ငံခြားငွေရှာဖွေလျက်ရှိကြောင်း သိရသည်။

#PAN