အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ သဘောထားအမြင် ထုတ်ပြန်

အောက်တိုဘာ ၁၁

       အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောထားအမြင်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရပါသည်။

       အဆိုပါ ထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများ အတွက် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်မိပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအား အနီးကပ် လေ့လာစောင့်ကြည့်လျက်ရှိပြီး ပဋိ ပက္ခပိုမိုကြီးထွားလာမှု မဖြစ်စေရေးနှင့် လက်ရှိဖြစ်ပွားနေဆဲ တင်းမာမှုများကို လျှော့ချရေးတို့အတွက် သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းများအကြား ထိန်း ထိန်းသိမ်းသိမ်းဆောင် ရွက်ကြရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်သွားရန် တိုက်တွန်းပါသည် ဟု ဖော်ပြထားပါသည်။

#PAN